Search This Blog


Tuesday, August 3, 2010

နန်းကြီးသုပ်

အမောပြေစားသွားနော်...
GOD Bless you all the time :D :)

စားပါဦးနော်....

GOD Bless you all the time :D :)

Saturday, May 15, 2010

GOD Word

>>>I Corinthians 13:4-7<<<

Love is patient, love is kind.
It does not envy, it does not boast,
it is not proud. It is not rude,
it is not self-seeking, it is not
easily angered, it keeps no record of wrongs.
Love does not delight in evil but
rejoices with the truth. It always protects,
always trusts, always hopes, always perseveres.

>>>Philippians 4:8<<<

Finally, brothers, whatever is true,
whatever is noble, whatever is right,
whatever is pure, whatever is lovely,
whatever is admirable—if anything is
excellent or praiseworthy—
think about such things.

>>>I Peter 4:8<<<

Above all, love each other deeply,
because love covers over a multitude of
sins.

>>>Ephesians 6:1-3<<<

Children, obey your parents in the Lord,
for this is right. "Honor your father and mother"
—which is the first commandment with a promise—
"that it may go well with you and that you may
enjoy long life on the earth."

>>>Proverbs 31:10, 25-30<<<

A wife of noble character who can find?
She is worth far more than rubies.

She is clothed with strength and dignity;
she can laugh at the days to come.

She speaks with wisdom,
and faithful instruction is on her tongue.

She watches over the affairs of her household
and does not eat the bread of idleness.

Her children arise and call her blessed;
her husband also, and he praises her:

"Many women do noble things,
but you surpass them all."

Charm is deceptive, and beauty is fleeting;
but a woman who fears the LORD is to be praised.
GOD Bless you all the time :D :)

missing you

တိမ်တွေငိုနေတယ်မောင်
ရင်ထဲက ဆန္ဒတွေကို မျိုသိပ်လို့ သွားခွင့်ပြုပါမောင်
ဖြစ်ချင်သောဆန္ဒတွေဟာ မဖြစ်နိုင်တော့ ဘူးလေ
ပေးထားမိတဲ့ကတိတွေ အတွက် တောင်းပန်ပါရစေမောင်
အချစ်နဲ့ ဘဝက တစ်ခြားစီလေ.....
ချစ်တိုင်းလဲမညား၊ ညားတိုင်းလဲ မချစ်ကြဘူး ဆိုတဲ့ စကားလေးလိုပေါ့
မလဲ မောင့်ကို ချစ်ခဲ့ ပါတယ် မညာပါရစေနဲ့ မောင်
မညာချင်ပေမဲ့ ဆက်ပြီးတော့ ညာခွင့်ပြုပါမောင်
မညာသင့်ဘူးဆိုတာ သိသိရက်နဲ့ပေါ့
မကို နားလည်ပေးပါလို့ မတောင်းဆိုချင်ပါဘူး
မကိုမေ့ပစ်လိုက်ပါလို့တော့ တောင်းဆိုပါရစေ.......
မောင်ကို မယုံကြည်လိုတော့ မဟုတ်ပါဘူးမောင်
မ လိုချင်တဲ့တစ်ချို့သော အရည်အချင်းတွေမောင့်ဆီမှာ ရှိပါတယ်
မရဲ့ ရည်မှန်းချက်တွေအထိလျှောက်လှမ်းခွင့်ပြုပါမောင်
မောင့်ဘဝကို လွတ်လပ်စွာ သွားပါမောင်
မမောင့်ကို မချုပ်နှောင်ပါဘူး
မောင့်ကို ချစ်လျှက်ပါမောင်.....
မကို အဝေးကနေပဲ ချစ်ခွင့်ပြုပါမောင်.....


GOD Bless you all the time :D :)

Monday, May 3, 2010

Who is Ola Hanson & the Kachin ?

Who Are Ola Hanson & the Kachin?
Rev. and Mrs. Ola Hanson were appointed by the American Baptist Foreign Mission Society in 1890 to the Kachin people of Upper Burma and they arrived in December of that year. The task before them seemed hopeless.
In the early days of pioneer missions, the Kachins were described as revengeful, cruel, and treacherous. Even the King of Burma addressed the missionaries who came to work with the Kachins as follows: "So you are to teach the Kachins! Do you see my dogs over there? I tell you, it will be easier to convert and teach these dogs. You are wasting your life."
Today there are 400,000 to 500,000 Kachin Christians; 300,000 of them are Baptists. Ola Hanson is strongly revered even today as the father of the Kachin church.

Ola Hanson arrived in 1890 to improve the translation work begun by William Henry Roberts (who arrived 12 Jan 1879; retired 1914) and others. Among other literature, Hanson completed the Gospel of John in 1895 and the entire Bible on 11 Aug 1926. He presented the Kachin Holy Bible to Damau Naw on 27 Mar 1927 during the Golden Jubilee celebration. About 90 percent of the Kachin are Christian.


   Rev. အိုလာ ဟင်ဆမ် ဇနီးမောင်နှံသည် အမေရိကန် နှစ်ခြင်းအသင်းတော်မှ စေလွှတ်လိုက်သော ခရစ်ယာန်သာသနာပြု ပုဂ္ဂိုလ်ဖြစ်သည်။ ၁၈၉၀ ခုနှစ်တွင် မြန်မာနိုင်ငံအထက်ပိုင်း ကချင်လူမျိုးများထံ ရောက်ရှိခဲ့သည်။

     သူတို့ဇနီးမောင်နှံမတိုင်မှီ ခရစ်ယာန်သာသနာပြုများပြောပြချက်အရ ကချင်လူမျိုးစုများသည် လက်စားအလွန်ချေတတ်ပြီး၊ ရက်စက်ကြမ်းကြုတ်ပြီး ယုံကြည်မှုကို အလွဲသုံးတတ်သည်ဟု ဆိုသည်။ မြန်မာဘုရင်ပင်လျှင် သာသနာပြုများကို ပြောသည်မှာ  တိရိစ္ဆာန်များကို ခရစ်ယာန်ဘာသာယုံကြည်စေရန် ပြုလုပ်ခြင်းသည် လွယ်ဦးမည်ဟု ဆိုစကားရှိသည်။

   ယခုအခါ လူဦးရေ ၄ သိန်းမှ ၅ သိန်းထိ ရှိသောကချင်လူမျိုးစုများအနက် ၃သိန်းကျော်မှာ နှစ်ခြင်းခရစ်ယာန်များဖြစ်ကြသည်။ အိုလာ ဟင်ဆမ်ကို ကချင်အသင်းတော်များ၏ ဖခင်ဟု သတ်မှတ်ထားကြသည်။

   သူသည် သူ့အရင်ရောက်နှင့်သော ၀ီလီယံ ဟင်နရီ လုပ်ငန်းများကို ဆက်လုပ်ရင်း အခြားလုပ်ဖေါ်ကိုင်ဖက်များနှင့်အတူ ကချင်စာကို လက်တင် A, B, C စာလုံးများဖြင့် ဖန်တီးပြီး ပထမဆုံးသော ကချင်ကျမ်းစာ ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ၁၈၉၅ တွင်ပြီးစီးခဲ့သည်။ ကချင်သမ္မာကျမ်းစာတခုလုံးကို ၁၁ သြဂုတ် ၁၉၂၆ တွင် ပြီးစီးခဲ့ပြီး ပုံနှိပ်ထုတ်ဝေခဲပါသည်။ ကချင်လူမျိုး ၉၀ရာနှုံးကျော်သည် ခရစ်ယာန်များဖြစ်ကြသည်။
Bottom of Form

မှတ်ချက်။     ။ http://burmesebible.com/bio/ola_hanson.htm
 
မှ ကူးယူဖော်ပြပေးလိုက်ပါသည်။

GOD Bless you all the time :D :)

အိမ်မက်တွေ အခိုးမခံရစေနဲ့

အမေရိကရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခုတွင် ဖြစ်ပါသည်။ ဆရာက ကျောင်းသားများကို "ကျွန်တော်၏ရည်မှန်းချက်" ခေါင်းစင်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့သည်။

ကျောင်းသားတစ်ဦးက ဆရာပေးသည့် ခေါင်းစဉ်ကို အနှစ်ခြိုက်ကြီး နှစ်ခြိုက်ပြီး ဗလာစာအုပ်ပေါ်တွင် သူ့ရည်မှန်းချက်ကို ချက်ချင်းချရေးခဲ့သည်။ သူ၏ ရည်မှန်းချက်မှာ "ကျွန်တော်ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက်ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီမြေကွက်ပေါ်မှာ သစ်ပင်၊ ပန်းမာလ်တွေ အပြည့်စိုက်ပြီး စိမ်းစိုတဲ့ဥယျာဉ်လုပ်ပါမယ်။ ပြီးတော့ ပန်းခြံအလယ်မှာ သစ်သားအိမ်လေးတွေ ဆောက်ပြီး အသားကင်ဖို့ နေရတွေ ထားရှိပါမယ်။ ဟိုတယ်တစ်လုံးကိုလည်း ဆောက်ပြီး ကိုယ့်မိသားစုအပြင် အခြား လာရောက်လည်ပတ်သူတွေကိုလည်း အနားယူအပန်းဖြေစေပါမယ်" ဟူ၍ဖြစ်သည်။

ထို့နောက် သူ၏စာစီစာကုံးကို ဆရာအားပြရာ ဆရာကတစ်ချက်ကြည့်ပြီး မင်နီဖြင့်"X" ကြက်ခြေခတ်လိုက်သည်။ ဆရာက သူ့အား နောက်စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်းစေခဲ့ပြန်သည်။

ကျောင်းသားက သူရေးထားသည့် စာစီစာကုံးကို သေချာပြန်ဖတ်ပြီး အမှားမတွေ့သောကြောင့် ဆရာအား ထပ်ပြလေသည်။

ဆရာက "မင်းကို မင်းရဲ့ရည်မှန်းချက်စိတ်ကူးကို ရေးခိုင်းတာ၊ ဒီလို အိပ်မက်ဆန်ဆန် စိတ်ကူးယဉ်တာကို ရေးခိုင်းတာမဟုတ်ဘူး။ မင်းရဲ့ တကယ့်ရည်မှန်းချက်ကို ဆရာလိုချင်တယ်။ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်တွေကို ဆရာမလိုချင်ဘူး။ နားလည်လား?" ဟူပြောသောအခါ ကျောင်းသားက "ဆရာ... ဒါ ကျွန်တော်ရဲ့ တကယ့်ရည်မှန်းချက်ပါ" ဟူ အားတက်သရော ပြန်ဖြေသည်။

"မဟုတ်ဘူး.. ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါတွေက စိတ်ကူးယဉ်တာတွေပဲ .... မင်းအသစ်ပြန်ရေးပါ"

"ကျွန်တော် နားလည်တယ်ဆရာ.. ဒါ ကျွန်တော်တကယ်ဖြစ်ချင်တဲ့ ကျွန်တော်ရဲ့ရည်မှန်းချက်ပါ။ ကျွန်တော်ရည်မှန်းချက်ကို ကျွန်တော်မပြင်နိုင်ဘူး ဆရာ"

ဆရာ့စကားကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး ကျောင်းသားကပြန်ပြောသည်။

"တကယ်လို့ မင်းအသစ်မရေးရင် မင်းကိုဆရာ အောင်မှတ်မပေးဘူး။ မင်း သေချာစဉ်းစားပါ"

ခေါင်းခါပြီးပြောသော ဆရာ့စကားကို ကျောင်းသားကလည်း ထပ်မရေးနိုင်ကြောင်း ခေါင်းခါပြသည်။ နောက်ဆုံး ထိုစာစီစာကုံးမှာ " E " အဆင့်သာရခဲ့သည်။

ထိုသို့သော အဖြစ်အပျက်ဖြစ်ပျက်ပြီး နှစ်ပေါင်း(၃ဝ)အကြာတွင် ၎င်းဆရာက ကျောင်းသားတစ်သိုက်နှင့် အပန်းဖြေပန်းခြံတစ်ခုသို့ ပျော်ပွဲစားရောက်ရှိလာခဲ့သည်။ ဆရာက မြက်ခင်းစိမ်းနှင့် ပန်းပေါင်းစုံကို ငေးမောကြည့်ရှုရင်း သင်းပျံ့သော အသားကင်နံ့ကို ရှူရှိုက်နေမိသည်။ တစ်နေရာတွင် လူလတ်ပိုင်း လူရွယ်တစ်ဦးက ဆရာဆီဦးတည်လျှောက်လာပြီး သူ့ကိုယ်သူ ဆရာ၏တပည့်ဖြစ်ခဲ့ဖူးသည်ဟု ပြောဆို မိတ်ဆက်လေသည်။

လူရွယ်က ဆရာကို အကြောင်းစုံပြောပြပြီး သူသည် ထိုနှစ်က စာစီစာကုံးမအောင်သော ကျောင်းသားဖြစ်ခဲ့သည်ဟု
ပြောသည်။ သို့သော် ယနေ့တွင် သူသည် စာစီစာကုံးထဲက ရေးခဲ့သည့်အတိုင်း သူ့ရည်မှန်းချက်ဖြစ်သည့် အပန်းဖြေဥယျာဉ်ကြီးတစ်ခုကို တည်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ဆရာမှာ လူငယ်စကားကြောင့် လွန်ခဲ့သော အနှစ်(၃ဝ)ကို ပြန်မြင်ယောင်မိသည်။ မိမိရှေ့တွင်ရပ်နေသော လူရွယ်ကိုကြည့်ပြီး စကားတစ်ခွန်းကို ရေရွတ်လိုက်တော့သည်။

"အနှစ်(၃ဝ)အတွင်းမှာ ငါ့အတွက်နဲ့ ကျောင်းသားဘယ်နှစ်ယောက်ရဲ့ ရည်မှန်းချက်အိပ်မက်တွေကို ငါချေဖျက်ခဲ့မိသလဲ မသိဘူး? မင်းကတော့ မင်းရဲ့ရည်မှန်းချက်ကို ငါ့ကြောင့်အချေဖျက်မခံဘဲ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ တစ်ဦးတည်းသောကျောင်းသားဖြစ်တယ်"

သင်ရော? သင့်ရည်မှန်းချက်အိပ်မက်တွေ သူတစ်ပါး၏ ပါးစပ်ဖျားကြောင့် ပျောက်ဆုံးကုန်ခဲ့ရပြီလား? အခိုးခံခဲ့ရပြီလား?

မူရင်း--- http://www.duwenzhang.com
 
or 别让任何人偷走您的梦
 


Forword mail မှကောက်နုတ်ဖေါ်ပြသည်။
GOD Bless you all the time :D :)

ဘဝစိတ်ပျက်ကြေကွဲချိန်မှာပြုံးပါ။

လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။

မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ် ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။

လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။

ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးက သေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှဲကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေ မဟုတ်ပါလား?

အားလုံးသိပြီဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။

ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။

ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်မလဲ? ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ?

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား?

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြမယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။

တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။

လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။

အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။

မူရင်းရေးသားသူ --
He Quan- Feng (何權峰) (စိတ်ပညာ)
(微笑,當生命陷落時 總數是一樣的) (ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ။ နောက်ဆုံးကိန်းက အတူတူပါပဲ)
ဘာသာပြန် Vanlal Siama
GOD Bless you all the time :D :)